ကပ္ပတိန်ကူရိုဟာ သူမရဲ့ ပျက်စီးသွားပြီဖြစ်တဲ့ အာကာသယာဉ်ပေါ်မှာ အိပ်ရာနိုးသွားခဲ့ပါတယ်။ လေတွေစိမ့်ထွက်နေတယ်။ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ ဂျရွန်ကို အရိပ်အယောင်မတွေ့ရပါဘူး။ ကူရိုဟာ အရေးပေါ် ထွက်ပြေးယာဉ်ပျံလေးစီကို ပြေးသွားခဲ့ပြီး ကမ္ဘာမြေစီကို ဦးတည်ပျံသန်းလိုက်ပါတယ်။
တစ်နာရီကြာပြီးတဲ့အခါမှာတော့ ကူရိုဟာ လကမ္ဘာဘေးနားကနေ ဖြတ်သွားပါတယ်။ အင်္ဂါဂြိုဟ်သမီးလေးဖြစ်တဲ့ သူမဟာ ငိုပစ်ချင်လောက်အောင် ဝမ်းနည်းနေခဲ့တယ်။ သူမတစ်ယောက်ထဲ အထီးကျန်နေတယ်။
ကူရိုရဲ့အရေးပေါ် ထွက်ပြေးယာဉ်ပျံလေးဟာ တိမ်လွှာတွေကို ထိုးဖောက်ပြီး ဇောက်ထိုးပြုတ်ကျကာ သစ်ပင်ပေါ်မှာ တင်သွားခဲ့ပါတယ်။
ကူရိုဟာ အပြင်ဘက်က ယိမ်းနွဲ့နေတဲ့ ကြောက်စရာကောင်းတဲ့ အစိမ်းရောင်အရာဝတ္ထုတွေကို လှမ်းကြည့်လိုက်ပါတယ်။ တံတွေးကိုမြိုချပြီး တံခါးကို ဖြေးညှင်းစွာဖွင့်လိုက်တယ်။
သတ္တဝါတစ်ကောင်ဟာ စူးရှစွာအော်ပြီး လေထဲကို ခုန်တက်သွားလို့ သူမအရမ်းကြောက်လန့်သွားပါတယ်။
ကတ္တဝါငှက် (ကြက်တူရွေးကဲ့သို့သောငှက်) ဟာ ရယ်မောပြီး “ကျွန်တော့်နာမည် ဖိုဘင်ပါ။ ဒီသစ်ပင်က ကျွန်တော့်သစ်ပင်ပါ”
“ဒီသစ်ပင်က နင့်အိမ်လား” လို့ ကူရိုက မေးလိုက်တယ်။
.
.
AUTHOR: Nick Broadhurst
ILLUSTRATOR: MD Hasib Uzerman (Uzzaman)
GENRE: Sci-Fi & Fantasy
RELEASED: 2019 Jul 26
LANGUAGE: BM Burmese
LENGTH: 27 Pages
PUBLISHER: Sequetus Publishing
SELLER: Sequetus Publishing
SIZE: PDF – 7.1 MB XPS – 5.3 MB
Reviews
There are no reviews yet.